*** ညိုညိုလေးနဲ့  စွဲဆောင်မယ် ***
(အညိုရောင်နဲ့  စိတ်နေသဘောထား) ဗေဒင်ဆရာတွေရဲ
့အဆိုအမိန့် အရ အကြိုက်ဆုံးအရောင်ဟာ “အညိုရောင်” ဖြစ်နေ မယ်ဆိုရင်
ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှု (ကျန်းမာရေး၊ ငွေကြေး၊ အလုပ်အကိုင်) တစ်ခုခု
ရှိနေတတ်ပြီး၊ ထိုအဆင်မပြေမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူလည်းဖြစ်တယ်။
ကျန်းမာရေး၊ ငွေကြေး၊ စီးပွားရေး၊ အလုပ်အကိုင် တစ်ခုခု အဆင်မပြေဖြစ်နေရင်
အညိုရောင်ကို (နဂိုက မကြိုက်ရင်တောင်မှ) ကြိုက်လာတတ်တယ်။
ဘ၀အတွက်မျှော်လင့်ချက်တွေ ထားနေပေမယ့် စိတ်ထဲက ယုံကြည်မှု
မရှိဘူးဖြစ်နေတတ်ပြီး၊ ဘ၀ကို အရှုံးပေးချင်နေတဲ့ သင်္ကေတဖြစ်နေတတ်တယ်လို
့ဆိုပါတယ်။ အဲ… သင်မကြိုက်ဆုံး အရောင်က “အညိုရောင်” ဖြစ်မယ်ဆိုရင်တော့
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေသူ၊ ကိုယ်ဘာလုပ်လုပ် အောင်မြင်လိမ့်မယ်လို့
ထင်နေတတ်သူ၊ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း သိပ်ကောင်းတယ်လို့ ထင်မြင်တတ်သူ၊
ဘာသာရေးကိစ္စတွေ၊ ဗေဒင် နဲ့ဂမ္ဘီရ ပညာရပ်တွေအပေါ်မှာ ယုံကြည်မှုအလွန်နည်းပြီး၊
ပစ္စုပ္ပန်မှာ လက်တွေ့ကျကျလုပ်ဆောင်တတ်သူပါဘဲတဲ့။
(အညိုရောင်ရဲ့ ရာဇ၀င်) သမိုင်းမတိုင်မှီ
ဘီစီ ၄၀,၀၀၀ ကျော်ကတည်းက အိုင်းယွန်းအောက်ဆိုဒ် နဲ့  မဂနီးစ်အောက်ဆိုဒ်တို
့ ပေါင်းစပ်ခြင်းကြောင့် ဖြစ်တည်လာတဲ့ သဘာဝမြေစေးကို ထိုခေတ်ကာလက
umber(ခေါ်)လိမ္မော်ရောင်ဘက်နွယ်သော
အညိုရင့်ရောင်အဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇,၃၀၀
ကျော်က ပြင်သစ်နိုင်ငံရဲ့ အနောက်တောင်ဘက် ပိုင်းရှိ Lascaux
လှိုဏ်ဂူနံရံတွေပေါ်မှာ မြင်းပုံတွေနဲ့  တိရိစ္ဆာန်ပုံတွေကို အညိုရင့်ရောင်
ဆေးခြယ်လေ့ရှိခဲ့ပါတယ်။ ရှေးဟောင်း အီဂျစ်ပန်းချီကားတွေမှာတော့
အမျိုးသမီးတွေရဲ့ လက်မောင်းအသားအရေကို အဲဒီ umber အရောင်နဲ့ ဆေးခြယ်ကြပြီး၊
လက်ကိုင် ၂-ခုပါတဲ့ ကရားရှည်ကြီးတွေ၊ ပန်းအိုးကြီးတွေနဲ
့ပန်းချီကားနောက်ခံအရောင်တွေကိုတော့ umber ထက် အရောင်နဲနဲ ဖျော့တဲ့
မြေကြီးရောင်နဲ့ ဆေးခြယ်ကြပါတယ်တဲ့။ ၁၇-ရာစုနဲ့  ၁၈-ရာစုရောက်တဲ့အခါမှာ လူ
့အသုံးအဆောင်ပစ္စည်းတိုင်းလိုလို အညိုရောင်တွေနဲ့  ထုံမွှန်းလို့ လာခဲ့ပါပြီ။
ထူးထူးခြားခြားအနေဖြင့် ၁၉၂၀ မှာ ဂျာမနီနိုင်ငံ နာဇီအဖွဲ့ ဝင်တွေရဲ
့ယူနီဖောင်းကို အညိုရောင် ၀တ်ဆင်ကြပြီး ရှပ်ညိုတပ်သားတွေ လို
့ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲ…. ၂၀-ရာစုနှစ်ရောက်တဲ့အခါမှာတော့ အနောက်
နိုင်ငံတိုင်းလိုလိုမှာ အညိုရောင်ယဉ်ကျေးမှု တခေတ်ဆန်းလာခဲ့ပါပြီ။ ဒါ့ပြင်
အညိုရောင်ပေါင်မုန့် ၊ အညိုရောင် သကြားတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်တာမို့ 
ကျမ္မာရေးကိုရှေးရှု့ တဲ့အနေဖြင့် ဈေးဆိုင်တိုင်းလိုလို ပစ္စည်းထုပ်ပိုးရန်
အညိုရောင်စက္ကူအိတ် တွေကိုသာ သုံးလာကြပါတယ်။ ယနေ့ ကမ္ဘာမှာ
အနောက်နိုင်ငံများသာမက၊ ကျွန်မတို့ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ
အားလုံး အညိုရောင်ကို “ဘိုဆန်တဲ့အရောင်” အဖြစ် အမြင်ရှိနေကြပါတယ်.
(ဆင်တူယိုးမှား အညိုရောင်လေးများ)
အရောင်ပိုင်းဆိုင်ရာ ပညာရှင်များရဲ့  မှတ်တမ်းများအရ၊ အနီ-အနက်-အ၀ါရောင်
(၃)မျိုး တို့ ပေါင်းစပ်ခြင်းက အညိုရောင် ဖြစ်လာပါတယ်တဲ့။ ခေတ်ကာလာရွေ
့လျားလာတဲ့အလျောက် (၁) umber(ခေါ်) လိမ္မော်ရောင် ဘက်နွယ်တဲ့အညိုရင့်ရောင်
(၂) အညိုပုပ်ပုပ်(ခေါ်) ယောဂီရောင် (၃) ရှားညိုရောင် (၄)
သစ်စေး(စစ်စေး)ရောင် (၅) စိမ်းညို ရောင် (၆) ချောကလက်ရောင် (အနု-အရင့်) (၇)
မြေကြီးရောင် (၈) ကာကီရောင် (၉) ကော်ဖီရောင် (၁၀) ရွှေအိုရောင် (၁၁)
အသားရောင် (၁၂) သမင်ရောင် (၁၃) Leather(ခေါ်)သားရေရောင် အနု-အရင့် …
စသည်ဖြင့် ဆင်တူယိုးမှားအညိုရောင်လေး တွေ ပေါ်ထွက်လာခဲ့ပါတယ်။
(အသားအရောင်အသက်အရွယ်နဲ့ အရောင်ရွေးချယ်တတ်မှု) အညိုရောင်ရဲ
့ထူးခြားချက်က တည်တည်ငြိမ်ငြိမ်နဲ့ မျက်စေ့အေးတာ ကြောင့်
လူကြီး-လူရွယ်မရွေး၊ အမျိုးသား/အမျိုးသမီးအားလုံးနဲ့ လိုက်ဖက်နေပါတယ်။
အထက်ဖော်ပြပါ အညိုရောင် (၁၃)မျိုးစ လုံးက အသားဝင်းဝါသူတွေနဲ
့(အထူး)လိုက်ဖက်ပြီး၊ ဖြူသူကိုလင်း၊ ညိုသူကို ၀င်းစေပါတယ်။
အဲ…အသားမည်းသူတွေနဲ့ တော့ အညိုရင့်ရင့်မှိုင်းမှိုင်းတွေကိုရှောင်ပြီး၊
ချောကလက်ရောင်အနု၊ အသားရောင်၊ သမင်ရောင်လေး၊ သားရေရောင် လေးတွေကိုသာ
ဝတ်ဆင်သင့်ပါတယ်။
(အရောင်လိုက်ဖက်အောင် ဆင်ယင်တတ်မှု) ဥပမာ
အမှတ်စဉ်(၁)(၃)(၄)(၈)(၉)(၁၀) တို့ အပြင်၊ ချောကလက်ရောင်အဖျော့နဲ့ 
သားရေရောင်အနုလေးတွေက သူ့ ချည်းဘဲထက်အောက်ဆင်တူဝတ်ရင်လည်း လှပလို
့နေတာပါဘဲ။ ကာလာဖွဲ့ စည်းတည် ဆောက်မှုအရ အညိုရောင်ကို အနီ-အနက်-အ၀ါရောင် တို
့နဲ့ ဖွဲ့ စည်းထားတာကြောင့် ဖက်ရှင်ထွင်လိုသူများအနေဖြင့် မိမိဝတ် ဆင်မယ့်
အညိုရောင်အနု-အရင့် ပေါ်မူတည်ပြီး အနက်(သို့ မဟုတ်)အ၀ါရောင်
ဖျော့ဖျော့-တောက်တောက်(သို့ မဟုတ်) အဖြူ ရောင်လေးတွေနဲ
့တွဲစပ်ချုပ်ဝတ်ပေးပါ။
(အညိုရောင်နဲ့ လက်ဝတ်ရတနာလေးများ) အညိုရောင်ဝတ်စုံက
ရွှေ-ငွေ-ပလက်တီနမ် အားလုံးနဲ့ လိုက်ဖက်နေတာမို့  အသက်အရွယ်အလိုက်
နှစ်သက်ရာ လက်ဝတ်ရတနာတွေကိုဆင်မြန်းနိုင်ပါတယ်။ အဆင့်မြင့်မြင့်
ဖက်ရှင်ထွင်လိုသူများအနေ ဖြင့် မိမိဝတ်ဆင်မယ့် အရောင်အနုအရင့်အလိုက်
သလင်းညို(စလင်းညို) ကျောက်အနု-အရင့်လေးတွေကို စိန်ပွင့်(သို့ မ ဟုတ်)
ကျောက်ဖြူလေးရောပြီးတော့ အထည်ခတ်ပြီးဆင်မြန်းပေးပါ။ အညိုရောင် နု/ရင့်
အားလုံးက အဖြူရောင်နဲ့ လည်း လိုက်ဖက်နေ တာမို့ ပုလဲရတနာဆင်မြန်ခြင်းက
ရိုးရိုးယဉ်ယဉ်ဖြင့်ပွဲလည်တင့်စေတဲ့ ဒီဇိုင်းလေးပါဘဲ။
(Accessories ရွေးချယ်မှု) ခေါင်းအလှဆင်ဖန်စီလေးတွေနဲ
့ရင်ထိုးလေးတွေကို အဖြူ-အနက်-အ၀ါ များများပါတဲ့ ပြိုးပြိုးပြက်ပြက်
ဒီဇိုင်းလေးတွေရွေးပေးနိုင်ပါတယ်။ လက်ကိုင်အိတ်နဲ့ ဖိနပ်အရောင်တွေအတွက်
ရွေးချယ်ရခက်နေရင်တော့ ပုလဲရတနာဆင်မြန်း သူများက အဖြူရောင် အိတ်/ဖိနပ်တို
့ကိုရွေးကိုင်ပေးပါ။ အဲ…ပလက်တီနမ်နဲ့  သလင်းညို
ကျောက်မျက်လေးတွေဆင်မြန်းထား ရင်တော့ ခေါင်းရှုပ်ခံစဉ်းစားမနေတော့ဘဲ
အနက်ရောင်(သို့ မဟုတ်)အညိုရင့်ရင့် အိတ်/ဖိနပ်တို့ ကိုသာ
ရွေးချယ်လိုက်ပါတော့။
(မျက်နှာအလှအပပြင်ဆင်မှု) မျက်နှာအလှပြင်ဆင်မှုမှာ
ဆံပင်အရောင်ကလည်း အဓိကပံ့ပိုးနေတာမို့ အနက်ရောင်၊ ချောက
လက်ရောင်အနု-အရင့်၊ ရွှေရောင် နဲ့  ဆံပင်အရောင် high light ဖောက်သူများက
အညိုရောင်ဝတ်စုံနဲ့ လိုက်ဖက်လှပါတယ်။ အ၀ါညိုရောင်ဝတ်တဲ့အခါ၊
မျက်နှာအောက်ခံမိတ်ကပ်ကို ပုံမှန်ထက်နဲနဲပိုလိမ်းပေးရပါမယ်(မျက်နှာပေါ်အမဲစက်၊ ၀က်ခြံအမာရွတ် တွေအတွက် concealor လေးနဲ့ ဖုံးပေးလိုက်ပါဦး)
အမဲရောင် အိုင်းလိုင်နာကိုသာသုံးပေးပါ။ အိုင်းရှဲဒိုးအရောင်ရင့်ရင့်တွေ
နဲ့ လိုက်ဖက်တာမို့  နီညို/အညိုရင့်ရောင်လေးတွေကို သုံးပေးသင့်ပါတယ်။
mascara အတွက် အနက်ရောင်(သို့ မဟုတ်) မိမိ ရွေးချယ်မယ့်
နှုတ်ခမ်းနီထက်ပိုရင့်တဲ့ အရောင်ကိုရွေးပါ။ အညိုရောင်ဝတ်စုံတွေက
လိမ္မော်ရောင်အနု-အရင့်/လိမ္မော်နီ/ အသား ရောင်/နီညို စတဲ့
နှုတ်ခမ်းဆိုးဆေးတွေနဲ့ လိုက်ဖက်တာမို့  မိမိအသက်အရွယ်အလိုက်
အဆင်ပြေသလိုရွေးချယ်ပေးပါ။ လက်သည်းဆိုးဆေးအတွက်
အညို/အသားရောင်/နီညို/အဖြူစတဲ့အရောင်အသွေးပါတဲ့
လက်သည်းခွံအလှပုံဖော်ပေးနည်း တို့ ဖြင့် ပေါ်လွင်စေနိုင်ပါတယ်။
ဖက်ရှင်ချစ်သူများ လှသထက်ပို၍လှနိုင်ကြပါစေ။
(ပေါက်ပေါက်….မျှဝေသည်)
--
promise.pauk
No comments:
Post a Comment