Thursday, November 7, 2013

*** ညိုညိုလေးနဲ့  စွဲဆောင်မယ် ***

*** ညိုညိုလေးနဲ့  စွဲဆောင်မယ် ***

(အညိုရောင်နဲ့  စိတ်နေသဘောထား) ဗေဒင်ဆရာတွေရဲ့ အဆိုအမိန့် အရ အကြိုက်ဆုံးအရောင်ဟာ “အညိုရောင်” ဖြစ်နေ မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှု (ကျန်းမာရေး၊ ငွေကြေး၊ အလုပ်အကိုင်) တစ်ခုခု ရှိနေတတ်ပြီး၊ ထိုအဆင်မပြေမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူလည်းဖြစ်တယ်။ ကျန်းမာရေး၊ ငွေကြေး၊ စီးပွားရေး၊ အလုပ်အကိုင် တစ်ခုခု အဆင်မပြေဖြစ်နေရင် အညိုရောင်ကို (နဂိုက မကြိုက်ရင်တောင်မှ) ကြိုက်လာတတ်တယ်။ ဘ၀အတွက်မျှော်လင့်ချက်တွေ ထားနေပေမယ့် စိတ်ထဲက ယုံကြည်မှု မရှိဘူးဖြစ်နေတတ်ပြီး၊ ဘ၀ကို အရှုံးပေးချင်နေတဲ့ သင်္ကေတဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ အဲ… သင်မကြိုက်ဆုံး အရောင်က “အညိုရောင်” ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေသူ၊ ကိုယ်ဘာလုပ်လုပ် အောင်မြင်လိမ့်မယ်လို့ ထင်နေတတ်သူ၊ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း သိပ်ကောင်းတယ်လို့ ထင်မြင်တတ်သူ၊ ဘာသာရေးကိစ္စတွေ၊ ဗေဒင် နဲ့ဂမ္ဘီရ ပညာရပ်တွေအပေါ်မှာ ယုံကြည်မှုအလွန်နည်းပြီး၊ ပစ္စုပ္ပန်မှာ လက်တွေ့ကျကျလုပ်ဆောင်တတ်သူပါဘဲတဲ့။
(အညိုရောင်ရဲ့ ရာဇ၀င်) သမိုင်းမတိုင်မှီ ဘီစီ ၄၀,၀၀၀ ကျော်ကတည်းက အိုင်းယွန်းအောက်ဆိုဒ် နဲ့  မဂနီးစ်အောက်ဆိုဒ်တို့  ပေါင်းစပ်ခြင်းကြောင့် ဖြစ်တည်လာတဲ့ သဘာဝမြေစေးကို ထိုခေတ်ကာလက umber(ခေါ်)လိမ္မော်ရောင်ဘက်နွယ်သော အညိုရင့်ရောင်အဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇,၃၀၀ ကျော်က ပြင်သစ်နိုင်ငံရဲ့ အနောက်တောင်ဘက် ပိုင်းရှိ Lascaux လှိုဏ်ဂူနံရံတွေပေါ်မှာ မြင်းပုံတွေနဲ့  တိရိစ္ဆာန်ပုံတွေကို အညိုရင့်ရောင် ဆေးခြယ်လေ့ရှိခဲ့ပါတယ်။ ရှေးဟောင်း အီဂျစ်ပန်းချီကားတွေမှာတော့ အမျိုးသမီးတွေရဲ့ လက်မောင်းအသားအရေကို အဲဒီ umber အရောင်နဲ့ ဆေးခြယ်ကြပြီး၊ လက်ကိုင် ၂-ခုပါတဲ့ ကရားရှည်ကြီးတွေ၊ ပန်းအိုးကြီးတွေနဲ့ ပန်းချီကားနောက်ခံအရောင်တွေကိုတော့ umber ထက် အရောင်နဲနဲ ဖျော့တဲ့ မြေကြီးရောင်နဲ့ ဆေးခြယ်ကြပါတယ်တဲ့။ ၁၇-ရာစုနဲ့  ၁၈-ရာစုရောက်တဲ့အခါမှာ လူ့ အသုံးအဆောင်ပစ္စည်းတိုင်းလိုလို အညိုရောင်တွေနဲ့  ထုံမွှန်းလို့ လာခဲ့ပါပြီ။ ထူးထူးခြားခြားအနေဖြင့် ၁၉၂၀ မှာ ဂျာမနီနိုင်ငံ နာဇီအဖွဲ့ ဝင်တွေရဲ့ ယူနီဖောင်းကို  အညိုရောင် ၀တ်ဆင်ကြပြီး ရှပ်ညိုတပ်သားတွေ လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲ…. ၂၀-ရာစုနှစ်ရောက်တဲ့အခါမှာတော့ အနောက် နိုင်ငံတိုင်းလိုလိုမှာ အညိုရောင်ယဉ်ကျေးမှု တခေတ်ဆန်းလာခဲ့ပါပြီ။ ဒါ့ပြင် အညိုရောင်ပေါင်မုန့် ၊ အညိုရောင် သကြားတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်တာမို့  ကျမ္မာရေးကိုရှေးရှု့ တဲ့အနေဖြင့် ဈေးဆိုင်တိုင်းလိုလို ပစ္စည်းထုပ်ပိုးရန် အညိုရောင်စက္ကူအိတ် တွေကိုသာ သုံးလာကြပါတယ်။ ယနေ့ ကမ္ဘာမှာ အနောက်နိုင်ငံများသာမက၊ ကျွန်မတို့ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံများ အားလုံး အညိုရောင်ကို “ဘိုဆန်တဲ့အရောင်” အဖြစ် အမြင်ရှိနေကြပါတယ်.
(ဆင်တူယိုးမှား အညိုရောင်လေးများ) အရောင်ပိုင်းဆိုင်ရာ ပညာရှင်များရဲ့  မှတ်တမ်းများအရ၊ အနီ-အနက်-အ၀ါရောင် (၃)မျိုး တို့ ပေါင်းစပ်ခြင်းက အညိုရောင် ဖြစ်လာပါတယ်တဲ့။ ခေတ်ကာလာရွေ့ လျားလာတဲ့အလျောက် (၁) umber(ခေါ်) လိမ္မော်ရောင် ဘက်နွယ်တဲ့အညိုရင့်ရောင် (၂) အညိုပုပ်ပုပ်(ခေါ်) ယောဂီရောင် (၃) ရှားညိုရောင် (၄) သစ်စေး(စစ်စေး)ရောင် (၅) စိမ်းညို ရောင် (၆) ချောကလက်ရောင် (အနု-အရင့်) (၇) မြေကြီးရောင် (၈) ကာကီရောင် (၉) ကော်ဖီရောင် (၁၀) ရွှေအိုရောင် (၁၁) အသားရောင် (၁၂) သမင်ရောင် (၁၃) Leather(ခေါ်)သားရေရောင် အနု-အရင့် … စသည်ဖြင့် ဆင်တူယိုးမှားအညိုရောင်လေး တွေ ပေါ်ထွက်လာခဲ့ပါတယ်။
(အသားအရောင်အသက်အရွယ်နဲ့ အရောင်ရွေးချယ်တတ်မှု) အညိုရောင်ရဲ့ ထူးခြားချက်က တည်တည်ငြိမ်ငြိမ်နဲ့ မျက်စေ့အေးတာ ကြောင့် လူကြီး-လူရွယ်မရွေး၊ အမျိုးသား/အမျိုးသမီးအားလုံးနဲ့ လိုက်ဖက်နေပါတယ်။ အထက်ဖော်ပြပါ အညိုရောင် (၁၃)မျိုးစ လုံးက အသားဝင်းဝါသူတွေနဲ့ (အထူး)လိုက်ဖက်ပြီး၊ ဖြူသူကိုလင်း၊ ညိုသူကို ၀င်းစေပါတယ်။ အဲ…အသားမည်းသူတွေနဲ့ တော့ အညိုရင့်ရင့်မှိုင်းမှိုင်းတွေကိုရှောင်ပြီး၊ ချောကလက်ရောင်အနု၊ အသားရောင်၊ သမင်ရောင်လေး၊ သားရေရောင် လေးတွေကိုသာ ၀တ်ဆင်သင့်ပါတယ်။
(အရောင်လိုက်ဖက်အောင် ဆင်ယင်တတ်မှု) ဥပမာ အမှတ်စဉ်(၁)(၃)(၄)(၈)(၉)(၁၀) တို့ အပြင်၊ ချောကလက်ရောင်အဖျော့နဲ့  သားရေရောင်အနုလေးတွေက သူ့ ချည်းဘဲထက်အောက်ဆင်တူဝတ်ရင်လည်း လှပလို့ နေတာပါဘဲ။ ကာလာဖွဲ့ စည်းတည် ဆောက်မှုအရ အညိုရောင်ကို အနီ-အနက်-အ၀ါရောင် တို့ နဲ့ ဖွဲ့ စည်းထားတာကြောင့် ဖက်ရှင်ထွင်လိုသူများအနေဖြင့် မိမိဝတ် ဆင်မယ့် အညိုရောင်အနု-အရင့် ပေါ်မူတည်ပြီး အနက်(သို့ မဟုတ်)အ၀ါရောင် ဖျော့ဖျော့-တောက်တောက်(သို့ မဟုတ်) အဖြူ ရောင်လေးတွေနဲ့ တွဲစပ်ချုပ်ဝတ်ပေးပါ။
(အညိုရောင်နဲ့ လက်ဝတ်ရတနာလေးများ) အညိုရောင်ဝတ်စုံက ရွှေ-ငွေ-ပလက်တီနမ် အားလုံးနဲ့ လိုက်ဖက်နေတာမို့  အသက်အရွယ်အလိုက် နှစ်သက်ရာ လက်ဝတ်ရတနာတွေကိုဆင်မြန်းနိုင်ပါတယ်။ အဆင့်မြင့်မြင့် ဖက်ရှင်ထွင်လိုသူများအနေ ဖြင့် မိမိဝတ်ဆင်မယ့် အရောင်အနုအရင့်အလိုက် သလင်းညို(စလင်းညို) ကျောက်အနု-အရင့်လေးတွေကို စိန်ပွင့်(သို့ မ ဟုတ်) ကျောက်ဖြူလေးရောပြီးတော့ အထည်ခတ်ပြီးဆင်မြန်းပေးပါ။ အညိုရောင် နု/ရင့် အားလုံးက အဖြူရောင်နဲ့ လည်း လိုက်ဖက်နေ တာမို့ ပုလဲရတနာဆင်မြန်ခြင်းက ရိုးရိုးယဉ်ယဉ်ဖြင့်ပွဲလည်တင့်စေတဲ့ ဒီဇိုင်းလေးပါဘဲ။
(Accessories ရွေးချယ်မှု) ခေါင်းအလှဆင်ဖန်စီလေးတွေနဲ့ ရင်ထိုးလေးတွေကို အဖြူ-အနက်-အ၀ါ များများပါတဲ့ ပြိုးပြိုးပြက်ပြက် ဒီဇိုင်းလေးတွေရွေးပေးနိုင်ပါတယ်။ လက်ကိုင်အိတ်နဲ့ ဖိနပ်အရောင်တွေအတွက် ရွေးချယ်ရခက်နေရင်တော့ ပုလဲရတနာဆင်မြန်း သူများက အဖြူရောင် အိတ်/ဖိနပ်တို့ ကိုရွေးကိုင်ပေးပါ။ အဲ…ပလက်တီနမ်နဲ့  သလင်းညို ကျောက်မျက်လေးတွေဆင်မြန်းထား ရင်တော့ ခေါင်းရှုပ်ခံစဉ်းစားမနေတော့ဘဲ အနက်ရောင်(သို့ မဟုတ်)အညိုရင့်ရင့် အိတ်/ဖိနပ်တို့ ကိုသာ ရွေးချယ်လိုက်ပါတော့။
(မျက်နှာအလှအပပြင်ဆင်မှု) မျက်နှာအလှပြင်ဆင်မှုမှာ ဆံပင်အရောင်ကလည်း အဓိကပံ့ပိုးနေတာမို့ အနက်ရောင်၊ ချောက လက်ရောင်အနု-အရင့်၊ ရွှေရောင် နဲ့  ဆံပင်အရောင် high light ဖောက်သူများက အညိုရောင်ဝတ်စုံနဲ့ လိုက်ဖက်လှပါတယ်။ အ၀ါညိုရောင်ဝတ်တဲ့အခါ၊ မျက်နှာအောက်ခံမိတ်ကပ်ကို ပုံမှန်ထက်နဲနဲပိုလိမ်းပေးရပါမယ်(မျက်နှာပေါ်အမဲစက်၊ ၀က်ခြံအမာရွတ် တွေအတွက် concealor လေးနဲ့ ဖုံးပေးလိုက်ပါဦး) အမဲရောင် အိုင်းလိုင်နာကိုသာသုံးပေးပါ။ အိုင်းရှဲဒိုးအရောင်ရင့်ရင့်တွေ နဲ့ လိုက်ဖက်တာမို့  နီညို/အညိုရင့်ရောင်လေးတွေကို သုံးပေးသင့်ပါတယ်။ mascara အတွက် အနက်ရောင်(သို့ မဟုတ်) မိမိ ရွေးချယ်မယ့် နှုတ်ခမ်းနီထက်ပိုရင့်တဲ့ အရောင်ကိုရွေးပါ။ အညိုရောင်ဝတ်စုံတွေက လိမ္မော်ရောင်အနု-အရင့်/လိမ္မော်နီ/ အသား ရောင်/နီညို စတဲ့ နှုတ်ခမ်းဆိုးဆေးတွေနဲ့ လိုက်ဖက်တာမို့  မိမိအသက်အရွယ်အလိုက် အဆင်ပြေသလိုရွေးချယ်ပေးပါ။ လက်သည်းဆိုးဆေးအတွက် အညို/အသားရောင်/နီညို/အဖြူစတဲ့အရောင်အသွေးပါတဲ့ လက်သည်းခွံအလှပုံဖော်ပေးနည်း တို့ ဖြင့် ပေါ်လွင်စေနိုင်ပါတယ်။
ဖက်ရှင်ချစ်သူများ လှသထက်ပို၍လှနိုင်ကြပါစေ။
(ပေါက်ပေါက်….မျှဝေသည်) 

 --
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

*** ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းနည်း ***

*** ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းနည်း ***

ကျွန်မတို့ အသားအရေဟာ ပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ၊ ပူအိုက်စိုစွတ်တဲ့ မိုရာသီတွေကို အံတုလို့ လာလိုက်ကြတာ ဟော…. ချမ်းအေးတဲ့ ဆောင်းရာသီ အရောက်မှာတော့ အသားအရေတွေခြောက်သွေ့ လာပြီး၊ အချို့ ကတော့ ခြောက်သွေ့ ရုံမ က အသားတွေယားယံ ပက်ကျားအက်လာတတ်ကြပါတယ်။ ကဲ..... ဒီတနှစ်မှာတော့ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၆)သွယ်ဖြင့် ဆောင်းရာသီကို ကျော်ဖြတ်ရင်း အသားအရေထိန်းသိမ်းကြည့်လိုက်ကြရအောင်။

(၁) ဗီတာမင်အီး ပါဝင်မှုပမာဏများတဲ့ မျက်နှာသစ်ဆပ်ပြာလေးတွေကို ဦးစားပေးရွေးချယ်ဝယ်ယူကြပါနော်။ သူက အသား အရေကို သန့် စင်စေရုံသာမက၊ အာဟာရလည်းဖြစ်စေတယ်လေ။ နောက်ပြီး ရက်သတ္တ ၁-ပတ် ကို တစ်ကြိမ်လောက် နွားနို့  (အစိမ်း)နဲ့ မျက်နှာသစ်ပေးလိုက်ပါဦး။ နွားနို့ က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက၊ အစိုဓာတ်ကိုပါ ထိန်းပေးတာကြောင့် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ ကြမ်းတမ်းနေမှာကို စိတ်မပူရတော့ဘူးပေါ့။

(၂) ဆောင်းရာသီရဲ့ နေပူဒဏ်က နွေနေလိုပူပြင်းခြောက်သွေ့ တာမို့ ၊ နေ့ ဘက် အပြင်များများ ထွက် သူတွေအဖို့  ခရမ်းလွန် ရောင်ခြည်ရဲ့ ဒဏ်ကို ပိုခံစားရစမြဲပါဘဲ။ နေလောင်ဒဏ်ကို ကာကွယ်နိုင်ရန်၊ နောက်ပြီး အသားအရေကို အာဟာရပြုပြီး အစို ဓာတ် ထိန်းသိမ်းနိုင်အောင် SPF များများပါတဲ့ မျက်နှာအောက်ခံ ကရင်မ်တွေ/အောက်ခံ မိတ်ကပ်တွေကို ရွေးဝယ် တတ်ဖို့ အ ရေးကြီးပါတယ်။ အထူးသဖြင့် ကရင်မ်/မိတ်ကပ် ဗူးခွံတွေပေါ်မှာ “winter cream/winter makeup” စာသားပါတာကို ရှာဝယ်နိုင် ရင်တော့ အကောင်းဆုံးရွေးချယ်မှုပေါ့ရှင်။

(၃) ခန္ဒာကိုယ်တွင်း အပူဓာတ်ကိုလျော့ချပေးနိုင်တဲ့ ဖရဲသီး၊ စိမ်းစားဥ၊ သခွားသီး၊ ဘယ်ရီသီးတွေ စားပေးပါ။ ဗီတာမင် နဲ့ ပရို တင်းဓာတ်တွေကြွယ်ဝတဲ့ ဗာဒံစေ့၊ သစ်ကျားသီး တွေစားပေးပါ။ မုန်ညင်းစိမ်းလိုမျိုး အစိမ်းရောင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ချမ်းအေးတဲ့ ဆောင်းရာသီရောက်ရင် လူ ၁၀-ဦးမှာ ၈-ဦးခန့် ၀မ်းချုပ်တတ်တာကြောင့် “နံက် ဌက်ပျော၊ ည သင်္ဘော” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အိပ်ယာထ သင်္ဘောသီးမှည့်မှည့်၊ အိပ်ယာဝင်ခါနီး ဖီးကြမ်းဌက်ပျောသီး မှည့်မှည့်လေးတွေ စားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။

(၄) ဆောင်းရာသီက ချမ်းအေးပေမယ့်၊ ရေလျော့မသောက်ကြဘဲ နွေပူပူရင်ပူပူမှာ ရေသောက်သကဲ့ သို့  ရေများများသောက် ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ အသားအရေအစိုဓာတ် ထိန်းသိမ်းရာရောက်ပြီး အသားပက်၊ နှုတ်ခမ်းကွဲတွေ ဖြစ်မလာစေတော့ ဘူးပေါ့။ ဒါတင်မကသေးပါဘူး ခန္ဒာကိုယ်တွင်း အူ၊ကလီစာတွေ အလုပ်ကောင်းကောင်းလုပ်တော့ ဓာတ်ကြီး ၄-ပါးမှန်ပြီး ၀က်ခြံ တွေမပေါက်စေတော့ဘူးလေ။

(၅) ဆောင်းနံက်တွေမှာ ဘယ်လောက်ဘဲချမ်းနေပါစေ ရုံးနောက်မကျစေဖို့  နံက်အိပ်ယာ ထ ရေချိုးကြရတဲ့အခါ၊ သွေးပူလေ့ကျင့် ခဏ်းလေးလုပ်ပြီးမှ ရေချိုးတော့ သိပ်မချမ်းတော့ဘူးပေါ့။ လူအများစုက ဆောင်းရာသီရောက်မှသာ ရေနွေးနဲ့ ရေချိုးကြတာ ကြောင့် ရေနွေးသုံးလေ့မရှိသူများအဖို့  သိသိသာသာ အသားအရေခြောက်သွေ့  ပက်ကြားတွေအက်လာပြီး အသားယားလာ ပါတော့တယ်။ ဖြစ်နိုင်ရင် ရေနွေးနဲ့ (လုံးဝ) ရေမချိုးကြပါနဲ့ ။ အကယ်၍ ရေနွေးသုံးချင်ရင် မိမိအသားအရေ ခံနိုင်ရုံလောက် အပူ ကိုသာသုံးပါ။ ရေနွေးအပူဓာတ်ကြောင့် အသားအရေမစိုပြေတော့ဘဲ ညိုညစ်သွားတတ်တာကို သတိထားဦးနော်။

(၆) သိသိသာသာ အသားပက်သူများအဖို့  moisturizer ပါတဲ့ ပေါင်ဒါ (သို့ မဟုတ်) ကရင်မ်ပတ် ဖ် လေးတွေရွေး လိမ်းပေးသင့် ပါတယ်။ သူက မျက်နှာအစိုဓာတ်ကိုထိန်းသိမ်းပေးတော့ ဆောင်းရာသီမှာ အသားခြောက်တာတွေ၊ အသားအရေ တင်းရင်း တာတွေကို လျော့ပါးသက်သာစေတယ်လေ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အချို့ က moisturizer နဲ့ ဓာတ်မတည့်တတ် ပြန်ပါဘူး။ အဲဒီအခါ ညအိပ်ယာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ်(ဂျယ်လီ)လေး လိမ်းပေးပြီး ၁၅ မိနစ်ခန့် အကြာမှာ မျက်နှာကို ရေအေးအေး(ရေခဲရေမဟုတ်ပါ) နဲ့  သန့် စင်ပြီးမှ အိပ်ယာဝင်ကြပါနော်။

ကိုင်း….ဒါဆိုရင်ဖြင့် အထက်ပါနည်းလမ်းတွေကို လက်ကိုင်ထားရင်း “နေ့ ပူလို့ ညချမ်းတဲ့” ဒီတနှစ်ဆောင်းဥတုကို ပျော်ပျော်ကြီး စောင့်မျှော်ကြိုဆိုကြပါစို့ လားရှင်။

အလှအပ မြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

(တင်ထက်ထက်ဇော်.....မျှဝေသည်)
(မှီငြမ်း Useful Info and Health Tips on 4th October 2013)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)